28 C
Yangon

ဖြူးမြို့တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွား၊ မိသားစုများက တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရ

Must read

ဖြူးမြို့တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွား၊ မိသားစုများက တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရ

ရန်ကုန်၊ ဧပြီ ၂၁

ပဲခူးတိုင်း၊ ဖြူးမြို့တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ဖြူးမြို့၌ အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးကာ ရဲစခန်းကို ခေါ်ဆောင်သွားပြီး မိသားစုများက ရဲစခန်းကို လိုက်လံသွားပြီး တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရဘဲ စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဒီနေ့ ဖြူးမြို့မှာ စစ်တပ်က ဆိုင်ကယ်တွေကို လိုင်စင် စစ်သလိုနဲ့ ပြည်သူ ၈၀ ခန့်ကို ရဲစခန်းကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မိသားစုတွေက ရဲစခန်းကို သွားပြီး တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရဘူး။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ သူတွေကို စစ်မှုထမ်းရမယ်ဆိုပြီး ရဲစခန်းကနေ ကားတွေနဲ့ တင်ဆောင်ပြီး တခြား တနေရာကို ခေါ်သွားတယ်လို့ သိရတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာမသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ဖြူးမြို့ထဲ၌ ပြည်သူများ သွားလာမှုမရှိတော့ဘဲ တိတ်ဆိတ်နေကြောင်း၊ ဖမ်းဆီးခံရသည့် မိသားစုဝင်များက ရဲစခန်းရှေ့တွင် ငိုယိုပြီး တွေ့ဆုံခွင့်ရရန် ဆက်လက် စောင့်ဆိုင်းနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article