25 C
Yangon

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ပြည်သူ့စစ် ခေါင်းဆောင် မြင့်စိုး ပစ်ခတ်ခံရပြီးသေဆုံး၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၁

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ပြည်သူ့စစ် ခေါင်းဆောင် မြင့်စိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း လက်ပံတန်း မြို့နယ် အခြေစိုက် ရွှေတန်း မြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ကိုင်းတော့စူကျေးရွာမှ ပြည်သူ့စစ် ခေါင်းဆောင် မြင့်စိုးကို တော်လှန်ရေး ရဲဘော်များက ရိုးမတောင်ခြေရွာအနီးတွင် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုပြုလုပ်နေစဉ် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော ပြည်သူ့စစ် ခေါင်းဆောင် မြင့်စိုးသည် ကိုင်းတော့စူရွာမှ မိသားစု တစ်စုကို ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်တွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ကာ ပြည်သူများကို ဆက်လက် ဒုက္ခပေး နေသူတစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ပေးသည့် တာဝန်များကို လက်ရှိထမ်းဆောင်နေပြီး ၎င်းကြောင့် ဖမ်းဆီးခံရသူများလည်းရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေဖြင့် စစ်သားစုဆောင်းပေးရာတွင်လည်း ဦးဆောင် လုပ်ကိုင်ပေးနေသူတစ်ဦးကြောင်း ပြည်သူများမှ တိုင်ကြား လာသည့်အတွက် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ပြည်သူ့စစ် ခေါင်းဆောင် မြင့်စိုး ထံမှ လက်ပစ် ဗုံး ၂ လုံး နှင့် စစ်တပ်နှင့် ဆက်သွယ်ထားသော အချက်အလက်များ ပါဝင်သည့် ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြည်သူ့စစ် ခေါင်းဆောင် မြင့်စိုး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article