35 C
Yangon

ဝေါမြို့နယ်ရှိ စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဝေါမြို့နယ်ရှိ စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားစစ်ဆေးရေးဂိတ်ကို ရန်ကုန်တိုင်းပကဖနှင့် ERO ညီနောင်များက ပြင်းအားမြင့် ဗုံးသီး ၉ လုံးထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“သပြေကန် စစ်တောင်း တံတား စစ်ဆေးရေးဂိတ် နဲ့ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာတွေကို ပြင်းအားမြင့် ဗုံးသီး ၉ လုံးနဲ့ ကျဲချတိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေ ကြောက်နေပါပြီ ကြောက်ကန်ကန်ပြီး လက်နက်ကြီးနဲ့ အပြစ်မဲ့ ပြည်သူတွေရှိတဲ့ နေရာတွေဆီ ပစ်တယ်။ အပြင်တောင် မထွက်ရဲ ကြတော့ဘူး။ သတ္တိရှိတဲ့ စစ်တပ်ဆို ပြည်သူတွေကို မထိခိုက်စေတဲ့ တိုက်ခိုက်မှုပဲ လုပ်ပါလို့ ပြောချင်ပါတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိတယ်။ သူတို့ထိလို့ပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ကျွန်တော်တို့က ပြင်းအားမြင့်ဗုံး ၉လုံးထက် မနည်း ကျဲချတိုက်ခိုက်ခဲ့တာပါ” ဟု ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ပြောဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article