34 C
Yangon

နတ်မောက်-မြို့သစ် မြို့ အကြား လမ်းဆုံ နှင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင်သွား

Must read

နတ်မောက်-မြို့သစ် မြို့ အကြား လမ်းဆုံ နှင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင်သွား

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ နတ်မောက်-မြို့သစ် မြို့ အကြား လမ်းဆုံ နှင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများနှင့် People’s Defence Organization – Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် နတ်မောက်မြို့နှင့် မြို့သစ်မြို့ အကြားရှိ လမ်းဆုံတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို အကြောင်းမဲ့ တားဆီး စစ်ဆေးပြီး အသက်အရွယ် မေးမြန်းကာ ပြည်သူ ၂၀ ခန့်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“နတ်မောက်မြို့နဲ့ မြို့သစ်မြို့ အကြားမှာ စစ်ခွေးက တားပြီး ဖမ်းသွားတာ ခရီးသွား လူငယ် ၂၀ ခန့်ကို စစ်ခွေးတပ်က စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းစီးသွားတာ ၄၅ နှစ် အောက် ယောကျ်ားတွေ အကုန်လုံးပဲ ဖမ်းသွားတာ” ဟု People’s Defence Organization – Natmauk တပ်ဖွဲ့မှ တစ်ဦးရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၂၂ ရက်နေ့ကလည်း နတ်မောက်မြို့နယ်ရှိ ကွင်းကြီးရွာ၊ အောင်သာရွာ၊ သီးချောင်းရွာနှင့် ထနောင်ကုန်းရွာ တို့ကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းပြီး နေအိမ်ထဲထိ ပြည်သူများကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“နတ်မောက်မြို့နယ်ထဲက ကွင်းကြီးရွာ၊ အောင်သာရွာ၊ သီးချောင်းရွာ၊ ထနောင်ကုန်းရွာများက လူငယ်တွေကို အင်အား ၂၀၀ ခန့်နဲ့ စစ်ခွေးတွေက လူနေအိမ်ထဲထိ ဝင်ပြီး ဖမ်းဆီးသွားတယ်။ ရွာထဲမှာရှိတဲ့ လူငယ်တွေကို အသက်မေးပြီး ၁၈ နှစ်အထက်တွေကို‌ ခဏလိုက်ခဲ့ဆိုပြီး ဖမ်းသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်သားတွေက ကွင်းကြီးရွာမှ ပြည်သူ ၆ ဦး၊ အောင်သာရွာမှ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားပြီး သီးချောင်းရွာနှင့် ထနှောင်းကုန်းရွာများမှ ဘယ်နှဦးကို ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ်သည် အင်အား ၂၀၀ ခန့်တွင် ကျေးရွာများကို တပ်ဖြည့်၍ တပြိုင်တည်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article