28 C
Yangon

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်

Must read

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မှ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် ရန်သူအင်အား ၂၀ ခန့်ပါ စက်လှေကြီး ၁ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း လောင်းလုံး PDF ရဲဘော်များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သားများ လိုက်ပါလာသည့် စက်လှေကို ၄၀ မမ ဗုံးသီး ၂ လုံး ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article