34 C
Yangon

မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေသော စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး သေဆုံး

Must read

မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေသော စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ဂင့်ဂဲရွာ အရှေ့ဖက်ရှိ သိမ်ဒိုင်ရွာနှင့် ရွာသစ်ရွာ အနီးကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Myingyan Black Tiger -MBT တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သားများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ဆုတ်ခွာထွက် ပြေးသွားသည့် စစ်ကြောင်း အနက် စစ်ကြောင်းတစ်ကြောင်းသည် မရိုးကုန်းရွာအနောက်ဘက်သို့ ရောက်ရှိကာ ပိတ်နေစဉ် MBTတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ကြောင်ူက နောက်တစ် ကြိမ်ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ရာ ၁ နာရီ ခန့်အကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ ၃၀ ဦးကျော်ဒဏ်ရာရရှိပြီး ကျန်ရှိနေသော စစ်သားများက ဇလပ်ကုန်းရွာဘက်သို့ ဆုတ်ပြေးသွားကြောင်း သိရသည်။

“မနက် ၈ နာရီလောက်မှာ MBT တပ်ဖွဲ့စစ်ကြောင်း ၂ နဲ့ စကစတပ်နဲ့ ပထမဦးဆုံးတိုက်ပွဲဖြစ်တာ။ ၂ နာရီလောက်ကြာပြီး ဒီကောင်တွေဘက်က ပြန်ဆုတ်သွားတာ။ နောက်ထပ် မရိုးကုန်းရွာရဲ့ အနောက် ဘက်မှာ ပိတ်မိနေတယ်ဆိုပြီးသတင်းရတာပေါ့၊ အဲဒါကြောင့် MBT တပ်ဖွဲ့ စစ်ကြောင်း ၁ ကနေပြီး တော့ နောက်ကနေလိုက်ပြီးတော့ ပြန်တိုက်တာ၊ အဲဒါကလည်း ၁ နာရီကျော်ကျော်လောက် တိုက်ပွဲ အပြင်းအထန်ဖြစ်လိုက်တယ်။ အဲဒီမှာ ပြန်ပြီးတော့ ထွက်ပြေးသွားတာ။” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBTတပ်ဖွဲ့နှင့်အတူ ငါးဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF)တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာတိုက်ခိုက်၍ ပြန်လာသော မဟာမိတ်ပူးပေါင်းစစ်ကြောင်းကို ကျေး ရွာ ၅ ရွာရှိ စစ်ဘေးရှောင် ပြည်သူများက သောင်းသောင်းဖြဖြကြိုခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ စစ်ခွေးက ၇ ကောင်ရှိတယ်၊ ၃၀ ကျော်ဒဏ်ရာရတယ်။ အဲဒီနေ့က လူနာတွေရော၊ သေတဲ့ အလောင်းတွေရော ဖောကားနဲ့ ဆမီးခုံကို သယ်သွားတယ်။ လောလောဆယ် မြင်းခြံဘက်က လဝန်းအိမ်ဆီဆိုင်နားတွေမှာ အင်အား ၈၀ လောက်ရှိတယ်၊ ဘယ်ဘက်ကို တက်မယ်တော့ မသိ သေးဘူး၊ လောလောဆယ်အနေအထားပေါ့၊ အတိုက်ခံရတဲ့စစ်ကြောင်းကတော့ ဆမီးခုံထဲပြန် ဝင် သွား ပြီ။ အဲဒါကသပ်သပ်ပေါ့၊ အခုလောလောဆယ်တော့ မြင်းခြံက လဝန်းအိမ်ဆီဆိုင်နားတွေမှာ ရှိနေတုန်းပါပဲ၊” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆို သည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် MBT တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း၌ မီးရှို့ခံရသည့် ကိုင်းရွာနေပြည်သူများအပါအဝင် စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီရှိကာ အရေးပေါ် နေရေး၊ စားရေး၊ ဆေးဝါးအကူညီများလိုအပ် လျက်ရှိကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းခြံမြို့နယ်အတွင်းရှိ ဆင်ချောင်းရွာ၊ ညောင်ဒိုရွာ၊ ရန္တပိုရွာနှင့် ကိုင်းရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article