ကလေးမြို့နယ်တွင် စစ်တပ်ကို လေယာဉ်ဆီ ရောင်းပေးနေသည်ကို ချက်ချင်းရပ်တန့်ရေး ညသပိတ်ပြုလုပ်
ရန်ကုန်၊ ဧပြီ ၂၄
ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကလေးမြို့ဒေသခံ ပြည်သူများနှင့် အတူ “ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်” စာသားများနှင့် အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီ ရောင်းချမှုရပ်တန့်ရေး တောင်းဆိုသည့် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။