30 C
Yangon

ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

Must read

ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ရွှေဘိုမြို့နယ်၊ ချီပါရွာရှိ ရွှေပြည်တန် ဆန်စက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယနေ့ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စတင်ကာ ချီပါမြောက်ရွာ ပန်းသပြေ စားသောက်ဆိုင်အနီးရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“ချီပါ မြောက်ရွာ ပေလမ်းဘေးက ဆန်စက်ထဲမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေက ချီပါမြောက်ရွာ ပန်းသပြေ စားသောက်ဆိုင် အနီးက နေအိမ်တွေကို မီးရှို့နေတယ်လို့ သိရပါတယ်။ စစ်ခွေး စစ်ကြောင်းက ၁၈ ရက်နေ့တည်းက အထိုင်ချနေတာ အခုထိ မထွက်သေးတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ချီပါကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသည့် ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာ၌ တပ်စွဲပြီးနောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ပြီး ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး လမ်းပိုင်းမှ ကုန်ကားများနှင့် စက်သုံးဆီ ကားများသည်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရှိနေ၍ ဖြတ်သန်းခြင်းမပြုလုပ်သောကြောင့် ကုန်စည်များပြတ်လပ်နေပြီး ကုန်စျေးနှုန်းများ ၂ ဆကျော်မြင့်တက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article