30 C
Yangon

ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် စစ်တပ်က တပ်သားသစ် အဖြစ် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ အဓမ္မဖမ်းဆီး

Must read

ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် စစ်တပ်က တပ်သားသစ် အဖြစ် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ အဓမ္မဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၅

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် စစ်တပ်က တပ်သားစုဆောင်းသည့်အနေဖြင့် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၈ နာရီခန့်အချိန် ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နှင့် သူဌေးကုန်း ရပ် ကွက်အကြား ပင်းဘုရားလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ချကာ စစ်တပ်အတွက် တပ်သားသစ်များ စုဆောင်းကြောင်း၊ ဆိုင်ကယ် စီးလာသူ၊ လူငယ်များ ၊ လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးခဲ့ရာ လူငယ် ၁၀ ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ၊ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီးနောက် စစ်ဆေးရေးလုပ်ဆောင်နေမှုကို ရပ်ဆိုင်းကာ ကျေးရွာများ ဘက်သို့ စစ်တပ်စစ်ကြောင်းက ထွက်ခွာသွား ကြောင်း သိရှိရသည်။

“ ဒီမနက် ၈ နာရီလောက်က ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နဲ့ သူဌေးကုန်းရပ်ကွက်ကြားက ပင်းဘုရား လမ်းဆုံမှာ ဈေးသွား၊ ဈေးလာတွေ၊ နောက်အလုပ်အကိုင်သွားတဲ့ လူငယ်တွေ၊ ဆိုင်ကယ် စီးလာတဲ့ လူငယ်တွေကို ဖမ်းသွားတာ၊ ၁၀ ယောက်လောက်ပါသွားတယ်။ ရေနံချောင်းမြို့နယ်ထဲက ရွာတွေကနေ မြို့ထဲကို ဈေးဝယ်သွားတာတို့၊ အလုပ်သွားတာတို့အလဲလိုလူငယ်တွေ ဆိုင်ကယ်ထွက် လာတာ၊ တောက်လျှောက်ဖမ်းသွားတာ။ ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

လတ်တလော နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်းရရှိမှု အဆင်မပြေသောကြောင့် စစ်တပ်က နေ့အချိန်နှင့် ညအချိန်များတွင် လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲ အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ အတွက် တပ်သားသစ်အဖြစ် စုဆောင်းခဲ့သည့် လူငယ် လူရွယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article