28 C
Yangon

ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှ တာဝန်ကျ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် စစ်သား ကျော်နိုင်ဝင်းကို ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီး စရဖစ စ်သား သေ ဆုံး ၊ စစ်တပ်အတွက် အလုပ်လုပ်နေသူတစ်ဦးကိုလည်း ဖမ်းဆီးရရှိ

Must read

ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှ တာဝန်ကျ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် စစ်သား ကျော်နိုင်ဝင်းကို ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီး စရဖစ စ်သား သေ ဆုံး ၊ စစ်တပ်အတွက် အလုပ်လုပ်နေသူတစ်ဦးကိုလည်း ဖမ်းဆီးရရှိ

ရန်ကုန်၊ ဧပြီ ၂၅

မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှ တာဝန်ကျ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် စစ်သား ကျော်နိုင်ဝင်းကို ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီး စရဖစစ်သား သေဆုံးကြောင်း Southern YSO PDFတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန် ပခုက္ကူနည်းပညာတက္ကသိုလ် GTC စစ်တပ်ဂိတ်စခန်းတွင် တာဝန်ကျထမ်းဆောင်နေသော ပခုက္ကူမြို့ အခြေစိုက် တပ် ၂၅၂ မှ စရဖ စစ်သား ကျော်နိုင်ဝင်းကို လက်ဖက်ရည်ဆိုင်တွင် ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးရန် ကြိုးစားခြင်း၊ ခုခံခြင်းတို့ကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

“သူက စရဖက ကျောက်လှေကားနဲ့ GTC ကတောင်ဘက်မြောက်ဘက်၊ ၅ ဖာလုံလောက်လေးပဲကွာ။ နဂိုက သူကကျောက်လှေကားဂိတ်မှာတာဝန်ကျတာ၊ အဲဒီမှာက သူက ဂိတ်ဗိုလ်နဲ့အဆင်မပြေတော့ GTC ဂိတ်ကို ပြန်ပြောင်းသွားတာ။ သူက ဂိတ်စချကတည်းကနေတာ။ GTC ဂိတ်အနီးက လက်ဖက်ရည်ဆိုင်မှာ ဝင်ဖမ်းတာ၊ သူက ပြန်လည်ခုခံဖို့လုပ်တာနဲ့ အသေပဲပစ် လိုက်တာ။ သူမှာက ဘာလက်နက်မှ မရှိဘူး။ သူထဲမှာတော့ အတွင်းထဲက သတင်းပေးတွေရှိတယ်။ အဲဒီအချက် အလက်တွေတော်တော်များများရခဲ့တယ်။ ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင် မောင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးများကို Southern YSO PDF က နတ်မိချောင်း စစ်ဆင် ရေးအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ထပ်မံ၍ စစ်တပ်အတွက် သတင်း ပေးလုပ်ဆောင်နေသူတစ်ဦးကိုလည်း PDF တပ်များက ဖမ်းဆီး ရရှိထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article