30 C
Yangon

မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ဆင်ကူးရွာကို ကားဖြင့် ရောက်ရှိလာပြီး နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး မီးကူးဆက် လောင်ကျွမ်းမှုကြောင့် နေအိမ် ၂ လုံး ထပ်မံ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မြိတ်-ထားဝယ် လမ်းပိုင်းရှိ ကျေးရွာများတွင် ကင်းပုန်းဝပ်နေပြီး ပြင်းဖြူကြီးရွာနှင့် ချောက်ချောင်းရွာ ဘက်ကို အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရှိရသည်။

ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ဆင်ကြန်းရွာနှင့် ကျွဲဇပ်ရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒေသ တော်လှန်းရေးတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှု ၂ နာရီ နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဆင်ကူးရွာ၊ ဘုတ်ကိုင်းရွာ၊ ကျွဲဇပ်ရွာ၊ ဆင်ကြန်းရွာ၊ လဘရွာ၊ ပိတိုင်ရွာ၊ ပြင်းဖြူကြီးရွာ၊ ပြင်းဖြူသားရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးနေရပြီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ စစ်ရေး တင်းမာနေ၍ မြိတ်-ထားဝယ် လမ်းပိုင်းတွင် ခရီးသွား ပြည်သူများ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Photo- တနင်္သာရီတိုင်း အတွင်း စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article