28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို တော်လှန်ရေး တပ်ပေါင်းစုတွေကနေ ရှော့တိုက်ဒုံး ရော့ကတ် အလုံး ၂၀ နဲ့ တိုက်ခိုက်မှု အပြင် ဒရုန်းတွေနဲ့ပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာရှိတဲ့ ဝက်လူးနယ်မြေရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သားနဲ့ရဲတွေ ဟာ ဒဏ်ရာတွေနဲ့ ကားတွေပါ ထားခဲ့ပြီး ထွက်ပြေးသွားတဲ့အတွက် သူတို့ထားတဲ့ ကား ၂စီးလုံးကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ ရေနံချောင်းမြို့က ပင်းဘုရားလမ်းဆုံမှာ အကြမ်းဖက် စစ်တပ်က လူငယ် ၁၀ ဦးကို တပ်သားသစ်အဖြစ် အတင်းအဓ္ဓမ ပေါ်တာဆွဲ ဖမ်းဆီး သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article