ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ်နှင့် တော်လှန်ရုပ်ရှင်ပြသခြင်းပြုလုပ်
ရန်ကုန်၊ဧပြီ ၃၀
ယင်းမာပင်မြို့နယ်၊ကျေးရွာတစ်ရွာတွင် ယင်းမာပင်၊ ဆားလင်းကြီးရွာ ပေါင်းစုံသပိတ် ကော်မတီဝင်များ၊ လူငယ့်အားမာန်သပိတ်ကော်မတီဝင်များနှင့် အမျိုးသမီးမဟာမိတ်အင်အားစု (WAB) အဖွဲ့ဝင်များပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို တော်လှန်ပြည်သူ ၇၀၀ ခန့်က ပူးပေါင်းခဲ့ကြပြီး ကော်မတီဝင်များက နိုင်ငံရေး တရားကိုလည်း ပြည်သူများကို မျှဝေခဲ့ကြကြောင်းသိရသည်။


