32 C
Yangon

ပေါက်မြို့နယ်၊ တပ်ကုန်းရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာ ရရှိသူ များပြား

Must read

ပေါက်မြို့နယ်၊ တပ်ကုန်းရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာ ရရှိသူ များပြား

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် တစ်ဦးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက် နံနက် အစောပိုင်း ၂ နာရီမှ စတင်၍ နံနက် ၆ နာရီအထိ ပေါက်မြို့နယ်၊ တပ်ကုန်းရွာ၌ အထိုင်ချ တပ်စွဲထားသော ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာ ၃ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံး ကျန်ရှိနေသော ဘန်ကာ ၁ ခုကို သိမ်းပိုက်ရန် လုပ်ဆောင်နေစဉ်တွင် စစ်ကောင်စီဘက်မှ ၁၂၀ မမ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ၁ ဦး ဝမ်း ဗိုက်ကျည်ထိမှန် ဒဏ်ရာအပါအဝင် ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ် ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် တပ်ကုန်းရွာ ပျူစောထီးစခန်းကို အကြမ်းဖက်စစ်သား အင်အား များ ထပ်မံဖြည့်တင်းကာ အနီးအနား ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ ပခုက္ကူမြို့နယ် အခြေစိုက် စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း ၁ ၊ မြိုင်ပကဖတပ်ရင်း ၂ ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People’s Defence Force ၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ ပခုက္ကူမြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၂ (Pakokku Ranger) ၊Pakokku Hunter၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၂ (Shwe Nyar Myae)၊ ချောက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၁၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ ပခုက္ကူခရိုင် တပ်ရင်း ၄၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ ကိုဥသြ၊ ကိုကောင်းကောင်းအဖွဲ့၊ YRS နား‌ ပေါက်နှင့် ပေါက်ကျေးရွာ ပကဖအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article