25 C
Yangon

မြိတ်မြို့နယ်၊ တုံးဗျောကြီး စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မြိတ်မြို့နယ်၊ တုံးဗျောကြီး စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာတွင် အထိုင်ချထား သော အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး ခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က မြိတ်မြို့နယ် ၊ တုံးပျောကြီးကျေးရွာ၌ အထိုင်ချထားသော စစ်ဆေးရေးဂိတ်စခန်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂ မှ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း တုံးပျောကြီးကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန်ပြန်လည် ပစ်ခတ်ခဲ့ရာ ပြည် သူ့ကာကွယ်ရေး ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၄၀ မမ ဗုံးသီး အလုံး ၂၀ ခန့် ပြန် လည်ပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီအချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တွင် တနင်္သာရီမြို့နယ်ပကဖ ရိုးမအဖွဲ့၊ တော ဗုံးကြီးအဖွဲ့ ၊တိုင်းပကဖလုံခြုံရေး၊တောင်ပံနီအဖွဲ့ ၊ကျွန်းစုပကဖ ၊မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ ၂ ၊ပု လော ပကဖနှင့် ၊ Dragon Squadဒ ရုန်းတပ်ဖွဲ့တို့ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article