25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ချင်းပြည်နယ်က ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ချင်းညီနောင် အဖွဲ့တွေက ဒီကနေ့မှာပဲ တရားဝင် ကြေညာလိုက်ပြီး ၊ စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်များတဲ့အပြင် အရှင်ဖမ်းမိ ထားတဲ့သူတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို ထုတ်ပြန်ထားပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက စစ်တပ်ထဲမှာ ဒရုန်းတပ်ဖွဲ့ဆိုပြီး စတင်ဖွဲ့စည်းလိုက်သလို ဖောင်ကြီး အမှတ် ၅ လေကြောင်းရန် ကာကွယ်ရေးတပ်မှာ ရုရှားစစ်သားတွေက ဒရုန်းသင်တန်း ပို့ချပေးနေ တယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်က ကျောက်တံတားကျေးရွာကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း ကားပေါ်မှာပါလာတဲ့ စစ်ဗိုလ် ၁ ဦးသေသွားတဲ့အပြင် ၊ ၂ ဦး ဒဏ်ရာရသွားပြီး ကားပါ မှောက်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article