30 C
Yangon

ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူဘုရား၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူများ အသုံးပြုသော တံတားကို စစ်တပ်နှင့် လက်အောက်ခံ PNO က ပစ်ခတ်ဖျက်ဆီး

Must read

ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူဘုရား၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူများ အသုံးပြုသော တံတားကို စစ်တပ်နှင့် လက်အောက်ခံ PNO က ပစ်ခတ်ဖျက်ဆီး

ရန်ကုန်၊ မေ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုရှိ ရွှေတဂူဘုရား၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူများ အသုံးပြုသော တံတားကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်း အရှေ့ရိုးမကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု၊ နောင်စကာကျေးရွာ အနောက်ဘက်ရှိ ရွှေတဂူ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် တံတားများကို အကြမ်းဖက်စစ်ကောင်စီ နှင့် PNO တို့က ဒရုန်းနှင့် ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ ဖျက်ဆီးမှုကြောင့် ဆီဆိုင်မြို့နယ် အတွင်း စေတီပုထိုး ၊ ဘုန်းကြီးကျောင်းများ အပါအဝင် တံတားများ၊ ဝိန်းလုံရွာ၊ လွယ်စဲရွာ၊ နောင်သိမ်ရွာတို့ တွင် နေအိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်နှင့် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို စိုးရိမ် ကြောက်လန့်၍ တဘက် ကျေးရွာအုပ်စုမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article