30.5 C
Yangon

မြိတ်မြို့နယ်၊ သက္ကယ်ကျင်းရွာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးနှင့်အပေါင်းအပါများ စုစုပေါင်း ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

မြိတ်မြို့နယ်၊ သက္ကယ်ကျင်းရွာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးနှင့်အပေါင်းအပါများ စုစုပေါင်း ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ မေ ၅

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ သက္ကယ်ကျဉ်းကျေးရွာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် အပေါင်းအပါ ၃ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃ ရက်နေ့ ည ၈ နာရီခန့်အချိန် မြိတ်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းဟုဆိုကာ လူဦးရေစာရင်းလိုက် လံကောက်ယူနေသူ စစ်ကောင်စီခန့် ရာအိမ်မှူးနှင့်နောက်လိုက် ၂ ဦးကို လက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ရွာ၏ တဖက်ကမ်းအရောက် သေနတ်သံများ ကြားရကာ နံနက်မိုးလင်းချိန်၌ သေဆုံးနေသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မဲစာရင်းလိုက်ကောက်နေတဲ့ ရာအိမ်မှူးနဲ့ နောက်လိုက် ၂ ယောက်စုစုပေါင်း ၃ ယောက်အသတ်ခံရ တာပါ။ အိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးသွားတာပါ။ ရွာရဲ့ တဖက်ကမ်းကို လှေနဲ့ခေါ်ဆောင်သွားပြီး နောက် သေနတ်သံကြားရတာ၊ အချိန်က ည ၉ နာရီလောက်ဖြစ်မယ်။ မနက်ရောက်တော့ စစ်သား၊ ပျူ စောထီး တွေ အယောက် ၅၀ လောက်ရောက်လာတော့ ရွာထဲကလူငယ်တွေ ထွက်ပြေးရင်းနဲ့ အ လောင်းကို တွေ့ခဲ့တာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် နောက်လိုက်တို့ စုစုပေါင်း ၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်သား၊ ပျူစောထီး အင်အား ၅၀ က ကျေးရွာအတွင်း ဝင်ရောက်လာသော ကြောင့် သက္ကယ်ကျင်းကျေးရွာနေ လူငယ် များ အားလုံး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ အကြမ်းဖက်စစ်တပ်ဒေါတိုက် ရာအိမ်မှူးနှင့်အပေါင်းအပါ ၃ ဦးကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေး ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article