30 C
Yangon

မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီး

Must read

မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး နွား ၄ ကောင်သေဆုံးခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၅ ရက်နေ့ နံနက် ၀၀ နာရီမှ ၀၀ နာရီ ၃၀ မိနစ်အချိန် မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေ အိမ် ၃ လုံးမီးလောင်ပျက်စီးပြီး နွား ၄ ကောင်သေဆုံးခဲ့ကြောင်း ၊ ကျေးရွာနေပြည်သူများမှ လွန်ခဲ့ သည့် ၄ ရက်ခန့်ကတည်းက စစ်ဘေးရှောင်နေကြရသဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

“မြောင်မြို့နယ်၊ မင်းတန်းရွာကို ဒီနေ့မနက် အစောပိုင်း လေယာဉ် ၂ နဲ့ ဗုံးသီး ၂ လုံးကျဲချတာပါ။ ပြည်သူတွေကတော့ စစ်ရှောင်နေကြရတာ ၄ ရက်ရှိပြီမို့ တစ်ယောက်မှ မထိခိုက်ပါဘူး” ဟု ကိုနွေဦး (မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article