30 C
Yangon

စစ်ကိုင်းမြို့တွင် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမျိုးသား ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထား

Must read

စစ်ကိုင်းမြို့တွင် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမျိုးသား ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထား

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမျိုးသား ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထားကြောင်း မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ အေးမြဝတီ ရပ်ကွက်မှ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသား ၅ ဦးနှင့် အုန်းတောလမ်းမှ အမျိုးသား ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထားကြောင်း သိရသည်။

“စစ်ခွေးတွေက ဖမ်းပြီဆိုရင် များသောအားဖြင့် တပ်မ ၃၃ ထဲရောက်တာများတယ်။ လတ်တလော အဖမ်းအဆီးက အရမ်းများနေပါတယ်။ ဘယ်လို ဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတော့ အတိအကျ မသိရသေးဘူး” ဟု မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း ဥပဒေဖြင့် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာသည့်အတွက် လူငယ်များအနေဖြင့် အသွားအလာဂရုစိုက်ကြပါရန် မင်းကွန်းတိုက်နယ် – သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article