29.6 C
Yangon

ဆင်ဖြူကျွန်းမြို့အနီး PDF တပ်ဖွဲ့များ ဝင်ရောက်လာပြီး ပြည်သူများကို အားပေးစကား ပြောကြားကာ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်

Must read

ဆင်ဖြူကျွန်းမြို့အနီး PDF တပ်ဖွဲ့များ ဝင်ရောက်လာပြီး ပြည်သူများကို အားပေးစကား ပြောကြားကာ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်

ရန်ကုန်၊ မေ ၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး PDF တပ်ဖွဲ့များ ဝင်ရောက်လာပြီး ပြည်သူများကို အားပေးစကား ပြောကြားကာ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များက စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ရွာ အကြားရှိ စလင်းချောင်းကို ဆက်သွယ်ထားသော ဆင်ဖြူကျွန်း – နွယ်တမယ်တံတားပေါ်နှင့် ဆုတ်လေဦးဘက်တို့၌ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များ ရောက်ရှိနေရာယူခဲ့ပြီး ဒေသပြည်သူများကို အားပေး စကား ပြောကြားကာ လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပကဖ တပ်ဖွဲ့ဝင်တွေက ဒေသ ပြည်သူတွေနဲ့ ရင်းနှီးချစ်ခင်နွေးထွေးစွာ နှုတ်ဆက်ခဲ့ကြပြီး စလင်းမြို့နယ်သူ မြို့နယ်သားများ၊ ဆင်ဖြူကျွန်းမြို့သူ၊ မြို့သားများ အပါအဝင် ဒေသ ပြည်သူများကလည်း မိမိတို့ မျှော်လင့်တောင့်တနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆင်ဖြူကျွန်းမြို့အနီးတိုင် ရောက်ရှိကိုယ်ထင်ပြခဲ့ခြင်းအတွက် အလွန်ပျော်ရွှင်စွာ အားတက်ဂုဏ်ယူနေပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့ အချိန် ဆင်ဖြူကျွန်း – နွယ်တမယ်တံတားရဲ့ နွယ်တမယ် ကျေးရွာဘက်ခြမ်းထိပ်မှာ နေရာယူခဲ့တယ်။ တံတား အခြားတစ်ဖက်ခြမ်းထိပ်မှာရှိတဲ့ ဆင်ဖြူကျွန်းရဲစခန်းက စစ်ကောင်စီ တပ်သားတွေ လှုပ်တောင် မလှုပ်ဘူး။ ဘာသံမှ မကြားရလောက်အောင် ငြိမ်ပြီး ကြောက်လန့်နေကျတာ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ဆင်ဖြူကျွန်းမြို့နှင့် တညောင်ကျေးရွာ အကြားရှိ လမ်းပိုင်းပေါ်တွင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များက ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article