30 C
Yangon

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် နေခြင်းကြောင်း ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ ဘုရားတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ပဲဒက်ရွာ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ စစ်ခွေးတွေက အနီးအနားရွာတွေကိုပါ လေယာဉ်နဲ့ လိုက်ပစ်နေတာ တိုက်ပွဲဖြစ်တဲ့ နေရာကိုပဲပစ်တာ မဟုတ်ဘူး။ စစ်ခွေးတွေ ပစ်တဲ့ ကျည်တွေက ပဲဒက်ရွာမကျဘူး။ တံခွန်တိုင်ရွာ လာကျတာ တံခွန်တိုင်ရွာက ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article