30.5 C
Yangon

ပုလဲနှင့် ဆားလင်းကြီးရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ပုလဲနှင့် ဆားလင်းကြီးရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် ပုလဲမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ Eagle Wing Drone Force ၊ တိုက်သိမ်း(PDF) ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ “ငါတို့”ထောက်ပို့အဖွဲ့၊ ဒေသ ပကဖ အဖွဲ့များနှင့် ဆားလင်းကြီး ပလဖ နှင့် တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေး အဖွဲ့ကို ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် လက်ပံတောင်း ကြေးနီကားများကို လုံခြုံရေးယူပေးရန် လိုက်ပါလာသည် jammer တပ်ဆင်ထား‌သော စစ်ကား ၁ စီးကို မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၃ ရက်နေ့တွင် jammer တပ်ဆင်ထားသော စစ်ကား ၁ စီးကို တင်ဆောင်လာသည့် ကရိန်းကားကို မုံရွာ-မန္တလေး လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးနှင့် M – 18 မိုင်း ၁ လုံး တို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA အဖွဲ့သားများမှ ဦးဆောင်ပြီး Chindwin Fighter Group – CFG အဖွဲ့သားများနှင့် အတူ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article