29.6 C
Yangon

ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၅ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၅ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၅ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က ထုတ်ပြန်ထားသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၃၆၈ မှ စစ်သားများနှင့် ပျူစောထီး အင်အား ၈၀ ခန့်ပါ ပူးပေါင်း စစ်ကြောင်းကို မော်လိုက်ခရိုင် တပ်ရင်း ၁ ၊ ၂ အဖွဲ့တို့က နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ ၆၀ မမ ပြောင်းတို ၁ လက်၊ MA-1 ၄ လက်၊ MA ကျည် ၁၅၁၂ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ RPG-7 ဒုံးသီး ၅ လုံး၊ MA ကျည်အိမ် ၂၆ ခု၊ စကားပြောစက် ၁ ခု၊ ကျည်ကာဦးထုပ် ၁ ခု၊ ဖုန်း ၃ လုံး၊ ဆေးပစ္စည်းအစုံနှင့် စကားပြောစက်ဓာတ်ခဲအပို ၂ ခု တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article