29.6 C
Yangon

ရေးမြို့နယ်ရှိ နယ်ထိန်း ရဲမှူး အောင်သူကို ရေးဘီလူးအဖွဲ့ က ပစ်ခတ်ရှင်းလင်းမှု လက်ကိုင်ဖုန်းနှင့် ဆွဲကြိုးတစ်ကုန်းရရှိ

Must read

ရေးမြို့နယ်ရှိ နယ်ထိန်း ရဲမှူး အောင်သူကို ရေးဘီလူးအဖွဲ့ က ပစ်ခတ်ရှင်းလင်းမှု လက်ကိုင်ဖုန်းနှင့် ဆွဲကြိုးတစ်ကုန်းရရှိ

ရန်ကုန်၊ မေ ၅

မွန်ပြည်နယ် ရေးမြိုနယ် ရန်မျိုးအောင်ရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ဘီယာထိုင်သောက်နေသည့် အကြမ်းဖက် ရဲမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ရက်နေ့ ရေးမြို့ ၃ ရပ်ကွက်အပိုင် နယ်ထိန်းရဲမှူး အောင်သူ ဆိုသူကို ဘီယာဆိုင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“တစ်ယောက်တည်းရှိချိန် ရှင်းခဲ့တာပါ။ ပြန်လည်ပစ်ခတ်တာ မရှိပါဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ရဲမှူးအောင်သူ ထံမှ လက်ကိုင်ဖုန်းအပါအဝင် ရွှေရည်စိမ် ငွေဆွဲကြိုးတစ်ကုံး သိမ်းဆည်းရမိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article