35 C
Yangon

မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် မင်းကွန်းဒေသမှ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ် ၆ ပကဖ အဖွဲ့တို့က ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ဧပြီလ ၂၆ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် မတ္တရာမြို့နယ်၊ မိုးကြိုးရွာ အနီးတွင် ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ် ၆ ပကဖ နှင့် ဝက်လက်မြို့နယ် တော်လှန်ရေး အင်အားစုများ ပူပေါင်းကာ ထပ်မံ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မြို့နယ်ထဲကို အကြမ်းဖက် စစ်တပ်က ဘယ်နေရာပဲ ရောက်ရောက် ရတဲ့နည်းနဲ့ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article