35 C
Yangon

မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျ စစ်ကြောင်းကို လုံခြုံရေးယူပေးသော စစ်ကောင်စီ တပ်သားများကို ၁၃ ရက်ကြာ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

Must read

မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျ စစ်ကြောင်းကို လုံခြုံရေးယူပေးသော စစ်ကောင်စီ တပ်သားများကို ၁၃ ရက်ကြာ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျ စစ်ကြောင်းကို လုံခြုံရေးယူပေးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၁၃ ရက်ကြာ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့မှ မေလ ၆ ရက်နေ့ အထိ ကျုံးဒိုး-ကိုးတိုင် လမ်းမကြီး တစ်လျှောက် မြဝတီမြို့ကို စစ်ကူလာသည့် အောင်ဇေယျ စစ်ကြောင်းကို လုံခြုံရေး ယူပေးသော အကြမ်းဖက် စစ်သားများ၊ BGF အဖွဲ့နှင့် ၂၄ ပစ္စည်း DKBA ပူးပေါင်း အဖွဲ့ကို KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့က ၁၃ ရက်ကြာ နေ့စဉ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ BGF စစ်ကြောင်းမှူး ၂ ဦး၊ ခမရ -၅၄၆ မှ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးနှင့် တပ်သား ၇ ဦးသေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဧပြီလ ၂၄ ရက်နေ့ကနေ မေလ ၆ ရက်နေ့ထိ ၂ ပတ်​ကျော်အတွင်း ကျုံးဒိုး-ကိုးတိုင် လမ်းမကြီး တစ်လျှောက် အောင်ဇေယျ စစ်ခွေးစစ်ကြောင်း မြ၀တီမြို့ကို တက်နိုင်ဖို့ နယ်မြေလုံခြုံရေး တိုးချဲ့ နေရာယူထားတဲ့ စစ်ခွေး၊ BGF နဲ့ ၂၄ ပစ္စည်း DKBA ပူးပေါင်းအဖွဲ့ကို ကျွန်တော်တို့ KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့က နေ့ညမနား သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲတိုက်ခိုက်မှု အတွင်းမှာ စစ်ခွေးတွေ ဘက်က BGF စစ်ကြောင်းမှူး ၂ ဦး၊ ခမရ -၅၄၆က ဗိုလ်ကြီး ၁ ကောင်၊ တပ်ကြပ် ၁ ကောင်နဲ့ တပ်သား ၇ ကောင် သေဆုံးပြီး ၇၀ နဲ့ အထက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article