32 C
Yangon

မုံရွာမြို့တွင် အရာရှိ နေအိမ်များကို ကင်းစောင့်ရန် လာသည့် စစ်ကားကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံး

Must read

မုံရွာမြို့တွင် အရာရှိ နေအိမ်များကို ကင်းစောင့်ရန် လာသည့် စစ်ကားကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံး

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရာရှိ နေအိမ်များကို ကင်းစောင့်ရန် လာသည့် စစ်ကားကို ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံးခဲ့ကြောင်း Mahura People Defence Force – MHR PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ကင်းစောင့်ရန် လာသည့် စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်တေဇလမ်းနှင့် ပိတောက်လမ်းသွယ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသည့် စစ်သား ၁၀ ဦးထဲမှ ၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း ၊ တပ်ခွဲ ၅ Mahura People Defence Force – MHR PDF (Liberation Front ) ၊ ချင်းတွင်း နွေဦး – တော်လှန်ရေးအင်အားစု CSRAF ( LPDF ) ၊ Monywa Fire Group ( LPDF ) ထို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးကားကို ပစ်ခတ် တိုက်ခိုက်တာ စစ်သား ၅ ဦးခန့်သေတယ်။ အတိအကျသိရဖို့ ဆက်လက် စုံစမ်းနေတယ်” ဟု Mahura People Defence Force – MHR PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Mahura People Defence Force – MHR PDF သည် လက်နက် အင်အား ဖြည့်တင်းရန် အနောက်မြောက်လွင်ပြင် နွေဦးစစ်ဆင်ရေး ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း Mahura People Defence Force – MHR PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article