29 C
Yangon

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ တိုက်ပွဲအတွင်း စစ်တပ်က ဓာတုအဆိပ်ဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော်တချို့ မူးဝေ၊ အော့အန်ခြင်း ဝေဒနာခံစားရ

Must read

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ တိုက်ပွဲအတွင်း စစ်တပ်က ဓာတုအဆိပ်ဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော်တချို့ မူးဝေ၊ အော့အန်ခြင်း ဝေဒနာခံစားရ

ရန်ကုန်၊ မေ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ဓာတုအဆိပ်ဗုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်တချို့ မူးဝေ၊ အော့အန်ခြင်း ဝေဒနာခံစားခဲ့ရကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

ယနေ့ မေလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ အနီး ဝန်းကျင်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီက ဓာတုအဆိပ်သင့်ဗုံးများ တိုက်ပွဲ ဖြစ်ပွားရာနေရာကို လေကြောင်းမှ တစ်ဆင့် ကျဲချတိုက်ခိုက်ခဲ့ရာ ဓာတုအဆိပ်သင့်ပြီး မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ မူးမော်ခြင်းနှင့် အော့အန်ခြင်း ဝေဒနာများ ခံစားခဲ့ရကြောင်း သိရ သည်။

အကြမ်းဖက်စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးမသာတော့သဖြင့် လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြု၍ စစ်ဆင်ရေးများ လုပ်ဆောင်လာ သည်ကို တွေ့မြင်ရကြောင်း၊ စစ်ကောင်စီအနေဖြင့် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ လေကြောင်းတိုက်ခိုက်မှု ၄၃ ကြိမ် အထိ ပြုလုပ်ခဲ့ ပြီး ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရေး အကြမ်းဖက် စစ်ကောင်စီဘက်မှ မြေပြင် အင်အား အလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ ၊ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အဆိုပါစခန်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article