30 C
Yangon

လောင်းလုံးမြို့ပေါ် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်များက တပြိုင်နက်တည်း ဝင်တိုက်နေပြီး စစ်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ခုခံနေ

Must read

လောင်းလုံးမြို့ပေါ် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်များက တပြိုင်နက်တည်း ဝင်တိုက်နေပြီး စစ်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ခုခံနေ

ရန်ကုန်၊ မေ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော် လှန်ရေး တပ်ဖွဲ့များ တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်း၊ ရေ ကြောင်း ပစ်ကူများဖြင့် ခုခံနေကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၉ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော လောင်းလုံး မြို့မ ရဲစခန်း၊ စရဖ ရုံး ၊ ထွေ/အုပ် ရုံး နှင့် လက်ခပ်တောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ တာဝါတိုင် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေစဉ် အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ခုခံ ပစ်ခတ်နေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများနေထိုင်သည့် လေးသွန်းခံကျေးရွာနှင့် ပန်းတောဝရွာ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၆ နာရီ ကနေစပြီး ထိုးစစ်ဆင်ခဲ့တာပါ စစ်ခွေးတွေက ရေကြောင်း၊ လေကြောင်းနဲ့ပါ ပစ်ကူနေပါတယ်။ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာ ၄ ခုကို တပြိုင်တည်းဝင်တိုက်တာပေါ့။ ဖြစ်စဉ် အတိအကျတော့ မသိရသေးဘူး။ အခုလက်ရှိချိန်ထိ ထိတွေ့မှုရှိနေသေးတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article