30 C
Yangon

တနင်္သာရီ၊ သိန္ဒောရွာ စစ်ကောင်စီတပ်စခန်းကို ၁၆ ရက်ကြာ ထိုးစစ်ဆင်မှု စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံး

Must read

တနင်္သာရီ၊ သိန္ဒောရွာ စစ်ကောင်စီတပ်စခန်းကို ၁၆ ရက်ကြာ ထိုးစစ်ဆင်မှု စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံး

ရန်ကုန်၊ မေ ၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၁၆ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့မှစ၍ မေလ ၈ ရက်နေ့အထိ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်း ပစ်ကူများဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၁၆ ရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ဘက်က ရဲဘော် ၄ ဦး ကျဆုံးကာ ၇ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ကလည်း မြေမအုံရွာဘက်မှ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း လက်ရှိချိန်ထိ စစ်ရေး တင်းမာလျှက်ရှိပြီး စစ်ရေးနှင့် ပတ်သက်သည့် နောက်ဆက်တွဲ သတင်းများကို ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article