37 C
Yangon

ဆောမြို့နယ်၊ အကြည်ပန်းမလွန်းရွာ ဘုန်းကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေး အစည်းအဝေး လုပ်နေစဉ် စစ်တပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၂၀ ထက်မနည်းသေဆုံး၊ အလောင်း ၁၆ လောင်းထက်မနည်း ရရှိထား

Must read

ဆောမြို့နယ်၊ အကြည်ပန်းမလွန်းရွာ ဘုန်းကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေး အစည်းအဝေး လုပ်နေစဉ် စစ်တပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချမှု ပြည်သူ ၂၀ ထက်မနည်းသေဆုံး၊ အလောင်း ၁၆ လောင်းထက်မနည်း ရရှိထား

■ ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်နိုင်

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်း ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ကျောင်း တစ်ခုလုံးမီးလောင်ပြိုကျခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၉ ရက် နံနက် ၁၁ နာရီခန့်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောမြို့နယ်၊ ကျောက်ထု တိုက် နယ်၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ လေ ယာဉ်ဖြင့်‌ ပေါင် ၅၀၀ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတိုက်မီးလောင်ပြိုကျ ပျက် စီးခဲ့ပြီး မီးလောင်သေဆုံးထားသည့် ရုပ်အလောင်း ၁၄ လောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

“အလောင်းကတော့ ၁၆ လောင်းရထားပြီ။ ဘယ်သူဘယ်ဝါခွဲမရတော့ဘူး။ အကုန်မီးလောင်ထားတာ မို့။ ဘုန်းကြီးကျောင်းကလည်း တိုင်ပဲကျန်တယ်။ အကုန်မီးလောင်သွားတာ။ သေတာကတော့ ၂၀ လောက်ရှိမယ်လို့ခန်းမှန်းထားတယ်။ ဒီထက်လည်းပိုနိုင်တယ်။ ကျန်တဲ့လူတွေက ပျောက်နေပြီး ရှာမရတော့တာ။ ကလေးတွေ၊ အမျိုးသား၊အမျိုးသမီးတွေလည်း ခွဲမရတော့ဘူး။ ကျောင်းထိုင် ဘုန်း ကြီးကတော့ ခရီးလွန်နေလို့ မထိဘူးဆိုပြီး အတည်ပြုချက်ရပြီ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သည့်အချိန်တွင် ကျောင်းတိုက်အတွင်း၌ ယာဉ်လိုင်းပြေးဆွဲရေးအတွက် ယာဉ်ပိုင်ရှင်များ အစည်းအဝေးလုပ်ဆောင်နေချိန်ဖြစ်ပြီး ဗုံးကျဲချမှု မပြုလုပ်မီ ဖုန်းလိုင်းများဖြတ်တောက်ပစ်ခဲ့သည့်အပြင် ကျောက်ထု အမြောက်တပ်မှလည်း ဒရုန်းဖြင့် ကင်းထောက်မှုပြုလုပ်ခဲ့ကာ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ပျံဝဲပြီး ပေါင် ၅၀၀ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းပျက်စီးမှုရှင်းလင်းရေး လုပ်နေတုန်း ကျောက်ထုအမြောက်တပ်က လက်နက်ကြီးထုဖို့ လုပ်နေတယ်သတင်းရလို့ အလုပ်လုပ်နေတဲ့သူတွေ အကုန်ရှောင်နေကြတယ်။ ထုတော့ မထုဘူးဗျ။ ထိခိုက်ပျက်စီးမှုတွေက အကုန်လုံးမရှင်းရ သေးဘူး။ ရွာသူ၊ ရွာသားတွေလည်း အကုန်ထွက် ရှောင် နေ ကြရတာ။ မီးကတော့ အခုညပိုင်းအထိ လောင်နေတုန်းပဲ။” ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article