25 C
Yangon

လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

Must read

လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ မေ ၁၁

ပဲခူးတိုင်း၊ လက်ပံတန်း မြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာ၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးတက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ကြိုတင် သတင်းရ၍ မိုင်းထောင်ခဲ့ကြောင်း၊ စစ်သားများ လာချိန် အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှု ကြောင့် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။

“အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်လိုက်တော့ သူတို့တွေ ကစဉ့်ကလျားတွေ အဲဒီအချိန်မှာမှ ကျွန်တော်တို့ အနီးကပ်ပစ်တာ သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ရှေ့ကို ကျွံထွက်လာတဲ့ ကောင်တွေ မိုင်းဆွဲတိုက်ခိုက်တာ။ ကျန်တဲ့ နောက်က ကောင်တွေက အလောင်းတွေ ကောက်ပြီး ပြန်ဆုတ်သွားကြတယ်”ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောဆိုသည်။

တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်သားများ၏ လက်နက်ငယ် ကျည်အချို့နှင့် ၆၀ မမ ဗုံးသီးတစ်လုံးသိမ်းဆည်းရမိကြောင်း၊ ရဲဘော်များအထိအခိုက် အကျအဆုံးမရှိခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောကြားသည်။

အလောင်းကောက်ကာ ပြန်ဆုတ်သွားသည့် အကြမ်းဖက် စစ်သားများသည် ဆင်တလင်းရွာအရောက်တွင် ပြည်သူ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article