25 C
Yangon

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ရဲမှူးတင်ကိုကို သေဆုံး

Must read

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ရဲမှူးတင်ကိုကို သေဆုံး

ရန်ကုန်၊ မေ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးတွင် မေလ ၉ ရက်နေ့ မွန်းလွဲပိုင်း KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ ရဲမှူး တင်ကိုကို သေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးတွင် KIA တပ်များနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗလမင်းထင်တံတားဂိတ်ရှိ လုံခြုံရေးစစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ရဲမှူး တင်ကိုကို ပါဝင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် ဌာနဆိုင်ရာများက ဗလမင်းထင်တံတားတွင် ဂိတ်ချ၍ စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသော ဂိတ်ဖြစ်ကြောင်း၊ ရဲမှူး တင်ကိုကိုသည် ယင်းဗလမင်းထင်တံတားဂိတ်တွင် ပြည်နယ်ရဲရုံး၏ တာဝန်ချထားခြင်းခံထားရခြင်းဖြစ်ကြောင်း၊ ယငင်က ၀ိုင်းမော်မြို့နယ်ရဲစခန်းမှူးဖြစ်ခဲ့ရာမှ ပြည်နယ်ရဲရုံးသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article