25 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်စန်းနောင်ဇော် စစ်ဘေး တိမ်းရှောင်ရင်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန် သေဆုံး

Must read

သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်စန်းနောင်ဇော် စစ်ဘေး တိမ်းရှောင်ရင်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန် သေဆုံး

ရန်ကုန်၊ မေ ၁၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်စန်းနောင်ဇော် စစ်ဘေးရှောင်ရင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ် မောင်စန်းနောင်ဇော် လက်နက်ကြီး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

“‌စစ်ဘေးရှောင်ဖို့ စက်ဘီးနဲ့ထွက်ပြေးတဲ့ ကလေးငယ် ဦးခေါင်းထိသွားတာ။ တိုက်ပွဲတော့မဖြစ်တော့ဘူး။ ဒါပေမဲ့ ရမ်းသမ်းပီးပစ်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

၄ မိုင်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၇ ရက်နေ့တွင်လည်း ဗုံးကျဲပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရွာဦး ဘုန်းကြီးကျောင်းတွင် အကြမ်းဖက်စစ်သားများ ရှိနေ၍ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article