25 C
Yangon

ပခုက္ကူ၊ မြိုင်၊ ဘုတလင် နှင့် ထီးလင်း မြို့နယ်တို့ရှိ စစ်တပ် တပ်စွဲထားသောနေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

ပခုက္ကူ၊ မြိုင်၊ ဘုတလင် နှင့် ထီးလင်း မြို့နယ်တို့ရှိ စစ်တပ် တပ်စွဲထားသောနေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပခုက္ကူမြို့မှ အရှေ့ဘုန်းကန်ဘက်ကို ထွက်ခွာလာသော စစ်သားနှင့် ပျုစောထီး ၅၀ ခန့်လိုက်ပါလာသော စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၉ နာရီမှ နံနက် အစောပိုင်း ၂ နာရီအထိ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်လှ လမ်းခွဲရှိ စစ်ဆေးရေး ဂိတ်တို့ကို အီနာဂါ ၁၂ လုံး ကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၀ ရက်နေ့တွင် ပခုက္ကူမြို့နယ် ညောင်ပင်လှ လမ်းခွဲရှိ အကြမ်ဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို နံနက် ၈ နာရီမှ ည ၉ နာရီ အထိ အီနာဂါ ၁၇ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာကို ရောက်ရှိနေသော အင်အား ၈၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အီနာဂါဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ယင်းဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Cobra ၊ KMDF (Kamma Defence Force) ၊ DMG(ဓားမင်းကြီးတပ်ဖွဲ့) နှင့် မြိုင်ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေလ ၁၂ ရက်နေ့တွင် မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူ စက်မှုဇုံလမ်းဆုံရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူ ၂ ဦးကို ပခုက္ကူဆေးရုံကြီးသို့ ကားဖြင့် သယ်ဆောင်သွားကြောင်း မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces၊ Urban Underground Revolution Forces၊ နယ်စည်းမခြား ဖရီးဒမ်းဖယ် ဒရယ်စစ်ကြောင်း(၁) ၊ ပခုက္ကူခရိုင် လိုကယ်တပ်ပေါင်းစု၊ ဒေါင်းစစ်သည်‌ ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်အဖွဲ့ တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာမှ ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ကြာကန်တော အရောက်တွင် မြိုင်ပကဖ တပ်ရင်း ၁ နှင့် တပ်ရင်း ၂ မှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘုတလင်မြို့မ စခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လားသော စကခ ၄ လက်အောက်ခံ ခမရ – ၇၀၃ မှ တပ်သား သိန်းသန်းဦးကို မုံရွာခရိုင်တပ်ရင်း ၂၀ BOB တပ်ရင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BOB – Battalion Of Budalin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ထီးလင်းမြို့နယ် ၊ရေမျက်နီရဲစခန်းမှ ရေခပ် ဆင်းလာသော အကြမ်းဖက်စစ်သားများကို ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း နှင့် ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်း တို့မှ ရဲဘော်များက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း – YNRF ထံမှ သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article