25 C
Yangon

လှိုင်သာယာမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံး

Must read

လှိုင်သာယာမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၁၃

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားကို အမည်မသိ သေနတ်သမားများက ဆောက်လုပ်ရေး မှတ်တိုင်အနီး ပစ်ခတ် တိုက်ခိုက်ရာ ဝမ်းဗိုက်ကို သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီက လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ရာအိမ်မှူး နောက်လိုက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ်ခံပြီး သေပြီ ဆောက်လုပ်ရေး မှတ်တိုင်အနီးမှာ ပစ်ခံလိုက်ရတာ ဗိုက်ကို ကျည် ၂ ချက်ထိပြီး ပွဲခြင်းပြီး သေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

သေဆုံးသွားသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူးသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ ၆ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင် ရာအိမ်မှူး နောက်လိုက် ဆယ်အိမ်မှူး အဖြစ်လုပ်ကိုင်ပြီး ဆန္ဒပြ လူငယ်များ၏ သတင်းများကို စုံစမ်းကာ စစ်တပ်ကိုသတင်းပေးခြင်း၊ ၎င်းကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးပေးခြင်း၊ လှိုင်သာယာမြို့နယ် ဆန္ဒပြခေါင်းဆောင် ပရဟိတသမား ကိုသားဇော်ကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင်လည်း အောင်ကျော်ထူး (ခ) အညာသား၏ သတင်းပေးပို့မှုကြောင့်ဖြစ်ကြောင်း ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

လက်ရှိချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကားများကို တားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article