25 C
Yangon

လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး စစ်တပ်နှင့်PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က ရေငံရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး တပ်စွဲထား

Must read

လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး စစ်တပ်နှင့်PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က ရေငံရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး တပ်စွဲထား

ရန်ကုန်၊ မေ ၁၄

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ စစ်တပ်က ရေငံရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး တပ်စွဲထားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး ၁ ဦးသေဆုံးကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ရေငံရွာ၊ စီတုံးရွာ၊ ထန်းတိုက်ရွာနှင့် ထန်းပင်ချောင်ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေငံရွာကို ဝင်ရောက်စီးနင်းကာ ကျေးရွာအတွင်း ထွက်ပြေး တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ကျန်ခဲ့သော ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတပ်စွဲထားပြီး ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက်နေစဉ် ရွာထဲ၌ ပုန်းနေသည့် ကိုဝင်းချိုဦးကို စစ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က ရေငံရွာထိပ်မှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပြီး စစ်ခွေးတွေ အထိနာလို့ အနီးအနားက ပြည်သူတွေ နေအိမ်ကို လက်နက်ကြီးတွေနဲ့ ထုတာကြောင့် ရွာလုံးကျွတ်ပြေးရတယ်။ မထွက်ပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ရေငံရွာက ပြည်သူ ၃၀ ကျော်ကို စစ်ခွေးတွေ ဖမ်းဆီးထားပြီး လူသားဒိုင်းအနေနဲ့ အဲ့ရွာက အုပ်ချုပ်ရေးမှူး နိုင်ဦးအိမ်မှာ ဖမ်းပြီးတပ်ဆွဲထားတယ်။ အခု နံနက် အဲ့ရွာထဲမှာ မပြေးနိုင်လို့ ပုန်းနေတဲ့ ကိုဝင်းချိုဦး ဆိုတဲ့သူကို စစ်ခွေးတွေက တွေ့သွားပြီး သတ်ဖြတ်သွားတယ်။ အခုထိ အလောင်းကောက်သူမရှိသေးဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article