25 C
Yangon

ရေစကြို၊ ကိုင်းမကြီး ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ နွားများကို ပစ်သတ်

Must read

ရန်ကုန်၊မေ ၁၄

မကွေးတိုင်း၊ ရေစကြို့မြိုနယ် ၊ ကိုင်မကြီး ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ နွားများကို ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန် မကွေးတိုင်း၊ ရေစကြို မြို့နယ်၊ ကိုင်းမကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ဆင်ချောင်းပျူစောထီးရွာမှ ပျုစောထီးများ အပါအဝင် စုစုပေါင်း စစ်အင်အား ၈၀ခန့်ဖြင့် ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ထိုစစ်ကြောင်းက တွေ့သမျှ နွားများကိုလည်း ပစ်သတ်သွားကြောင်း သိရှိရသည်။

“ကျေးရွာမှာရှိတဲ့ နေအိမ် ၉လုံးကို မီးရှို့ဖျက်ဆီးသွားပြီ နွားတွေကို ပစ်သတ်သွားပါတယ်။ ပြည်သူတွေ ကတော့ ထွက်ပြေးနိုင်လို့ လွတ်တယ်၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘူး၊ အကြောင်းမဲ့ ရွာကို မီးရှို့သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောဆိုသည်။

၂၀၂၃ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ကလည်း စစ်တပ်က ပထမအကြိမ် အဖြစ် ကျေးရွာကို ဝင် ရောက်မီးရှို့ ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၈၀ခန့် မီးလောင်ပြာကျခဲ့ရကြောင်း၊ ယခု မေ ၁၃ရက်နေ့ ကျေးရွာကို ဒုတိယအကြိမ် စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးရမ်းကားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article