25 C
Yangon

ကရင်နီပြည်နယ် ဖားဆောင်းဒေသမှ စစ်ရှောင်စခန်းသို့ စားနပ်ရိက္ခာများနှင့် KNDF B20 တပ်ရင်းသို့ ကွန်ပျူတာ၊ Star Link၊ ဖုန်းနှင့် စားနပ်ရိက္ခာများ KTJ Supporting Group ထောက်ပံ့

Must read

ကရင်နီပြည်နယ် ဖားဆောင်းဒေသမှ စစ်ရှောင်စခန်းသို့ စားနပ်ရိက္ခာများနှင့် KNDF B20 တပ်ရင်းသို့ ကွန်ပျူတာ၊ Star Link၊ ဖုန်းနှင့် စားနပ်ရိက္ခာများ KTJ Supporting Group ထောက်ပံ့

ရန်ကုန်၊ မေ ၁၅

ကရင်နီပြည်နယ် ဖားဆောင်းဒေသမှ စစ်ရှောင်စခန်းသို့ စားနပ်ရိက္ခာများ ပြည်ပရောက် မြန်မာနိုင်ငံသားများဖြင့် စုပေါင်းဖွဲ့စည်းထားသော KTJ Supporting Group က ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် KNDF B20 တပ်ရင်းသို့ ကွန်ပျူတာ ၂ လုံး ၊ Star link ၁ လုံး၊ ဖုန်းအသစ် ၆လုံး ၊ ပြည်သူများ ကြော်လှော်ထားသော အကြော်အလှော်များအပြင် စားနပ်ရိက္ခာဖိုး ဘတ် ၂၀,၀၀၀ တိတိကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

KTJ Supporting Group သည် လွတ်လပ်သောထောက်ပို့အဖွဲ့အစည်းဖြစ်ပြီး မြေပြင်သို့ တိုက်ရိုက်ကွင်းဆင်းပြီး ကူညီနေသည့် အဖွဲ့ဖြစ်ကြောင်း၊ ပါဝင်ပူးပေါင်းလိုသည့် တော်လှန်ပြည်သူများကိုလည်း ထောက်ပို့တပ်သားအဖြစ် လက်ခံကြိုဆိုလျက်ရှိကြောင်း KTJ Supporting Group က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article