26 C
Yangon

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ စစ်သား အလောင်းများကို FAW ကား ၂ စီးဖြင့် သယ်ယူသွား

Must read

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ စစ်သား အလောင်းများကို FAW ကား ၂ စီးဖြင့် သယ်ယူသွား

■ စစ်တပ်က ရွာရှည်ရွာသား ပြည်သူ ၄ ဦးကို ဖမ်းဆီသတ်ဖြတ်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ စစ်သား အလောင်းများကို FAW ကား ၂ စီးဖြင့် သယ်ယူသွားကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရွာရှည်ဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို Myingyan Black Tiger (MBT) နှင့် ညီနောင်မဟာမိတ်များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ အထိအခိုက် အသေဆုံးများပြားပြီး ရှေ့သို့ ဆက်တိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရေတပ်မှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ ဝေဟင်မှ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

“အလောင်းတွေကိုတော့ ကတောရွာဘက်ကို သယ်သွားတယ်။ အဲဒီရွာကနေမှ ည ၁၁ နာရီခွဲ လောက်တစ်ခါ၊ မနက် ၃ နာရီခွဲလောက်တစ်ခါ ဖောကား ၂ အစီးအပြည့် သယ်သွားတယ်။ အနည်း ၆၀ ကျော်လောက်သေတယ်လို့ သတင်းရတယ်။ ကျွန်တော် တို့ မျက်မြင်ကိုက ၃၀ ကျော်လောက် ဆွဲ ယူသွားတာ တွေ့တယ်။ ဒဏ်ရာရတဲ့သူ ၈၀ လောက်ကိုလည်း ကတောရွာထဲမှာ ဆေးကုနေတယ်။ အော်သံတွေလည်း ကြားနေရတယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်း ၂ ရက်ဆက် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၆၀ ကျော် သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာ ရရှိကာ MBTတပ်ဖွဲနှင့် ညီနောင်မဟာမိတ်များဘက်မှ ရဲဘော် ၁၅ ဦးခန့် မစိုးရိမ်ရ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများက ရွာရှည်ကျေးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး ရွာလုံးကျွတ် မီးရှို့သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – (MBT) – (မြင်းခြံခရိုင်တပ်ရင်း ၉)၊ မြင်းခြံ ခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊Royal Eagle People Defence ၊ Myingyan Danger Dynamit၊Drone Fighter Kani – D. F. K၊Anyar Federal Task Force၊27 Volution Force၊ BGF နှင့် အခြားညီနောင်မဟာ မိတ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article