25 C
Yangon

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်တပ်ဂိတ် နှင့် ဆားတောင်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်တပ်ဂိတ် နှင့် ဆားတောင်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်နှင့် ဆားတောင်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ ချစ်လေးစံ ပရိဘောဂ ဆိုင်အတွင်း ဘန်ကာများ တည်ဆောက်ကာ အခိုင်အမာ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ပြည်သူများကို ခြိမ်းခြောက်ကာ ဆက်ကြေး ကောက်ခံနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ ကျဲလုံး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix _Sagaing ၊ Young Wolf (L.P.D.F) ၊ ဆရာကျောင်း _ဒေါင်းမျိုးဆက်(PGZ) ၊ ဗိုလ်ချုပ် (ဝက်လက်) ၊ Phoenix (ဝက်လက်) ၊ ကြောင်လက်သည်း (ဝက်လက်) ၊ Unicorn Guerrilla Force ၊ Royal Falcon Guerrilla Force ၊ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်း နှင့် နယ်မြေ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၂ ရက်နေ့တွင်လည်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်မြေရဲစခန်းကို နံနက် ၁၀ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှုရှိနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တိုက်ခိုက်မှု လုပ်ဆောင်နေစဉ် အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix _Sagaing ၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ ၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force နှင့် ကြောင်လက်သည်း(ဝက်လက်)တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Photo – စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ စစ်တပ် တပ်စွဲထားသော ဂိတ်စခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article