25 C
Yangon

ပခုက္ကူမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပခုက္ကူမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်နေသည့် အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် People Deffence Force PKU PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဒေါင်းစစ်သည် People Deffence Force PKU PDF အဖွဲ့မှ ရဲဘော်များက အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ၏ နေအိမ် ရှေ့၌ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့ကို ရှင်းလင်းခဲ့တဲ့ နေရာနဲ့ စစ်တပ် စစ်ဆေးရေးဂိတ်က မီတာ ၂၀၀ လောက်ပဲ ဝေးတယ်။ ၄ ချက်တိတိ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ သူက စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်တာတွေလည်း လုပ်တယ်။ နောက်ပြီ စစ်ခွေး၊ ရဲခွေး နဲ့ ပျူခွေးတွေနဲ့လည်း ကင်းပတ်တာတွေလုပ်တယ်။ သူ့အိမ်ရှေ့မှာ စကားပြောနေတုန်း ဝင်ပစ်ခဲ့တာပါ” ဟု ဒေါင်းစစ်သည် People Deffence Force PKU PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သူ၏ အလောင်းကို ယနေ့ ညနေ ၄ နာရီခန့်တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article