25 C
Yangon

ဘီးလင်းတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဘီးလင်းတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၁၆

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည် ။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ဘီးလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ “ကောင်းမြတ်ပြည့်စုံ” စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် နိုင်လင်းထွန်း(ခ) ကိုနိုင် နှင့် “စံပြ”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် မွန်ကြီး(ခ) အောင်ထွေးတို့ စကားပြောနေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ မွန်ကြီး(ခ)အောင်ထွေးက သေနတ်သမားကို ပြန်လည် လုံးထွေးခုခံခဲ့သော်လည်း နိုင်လင်းထွန်း(ခ) ကိုနိုင်နှင့် မွန်ကြီး(ခ) အောင်ထွေးတို့ ၂ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဖြစ်တာက စစ်တပ်အတွက် အလုပ်လုပ်နေတဲ့ ကိုနိုင်ကို သေနတ်သမား ၂ ဦးက ဝင်ပစ်တာ။ အဲဒါကို စကားပြောနေတဲ့ မွန်ကြီးက သေနတ်သမားတွေကို ဝင်ပြီး နပန်းလုံးတယ်။ အဲဒီမှာ မွန်ကြီးပါ အပစ်ခံရပြီး သေတာ။ ၂ ဦးစလုံးက ဆီဆိုင်ဖွင့်ထားတယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတာ။ ဟိုတလောက အသတ်ခံလိုက်ရတဲ့ တောင်စွန်းရာအိမ်မှူး၊ ပျူစောထီး ကျော်ကျော်နဲ့တစ်ဖွဲ့တည်းပါ။ အခု တောင်စွန်း အုပ်ချုပ်ရေးမှူးလည်းရှောင်နေပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်စွန်းပျူစောထီး နိုင်ထူးအောင်ဆိုတဲ့လူအပစ်ခံရသေးတယ်။ မသေဘူး။ ဒဏ်ရာရသွားလို့ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အသတ်ခံရသူ ၂ ဦးစလုံးသည် ပျူစောထီးအဖွဲ့ကို အမာခံငွေကြေးထောက်ပံ့သူများဖြစ်သည့်အပြင် စစ်တပ်နှင့်ပူးတွဲ အလုပ်လုပ်နေသူများဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းနှင့် CDM သတင်းများကို လိုက်လံစုံစမ်းသူများလည်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article