26 C
Yangon

ရေဖြူမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရေဖြူမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် ထံမှ သိရသည်။

မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေစိုက် ခမရ ၄၁၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် နယ်မြေရှင်းလင်းရေး ပြုလုပ်နေသော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ ဇင်းဘာရွာ သုသာန် အနီး၌ ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကလိန်အောင်မြို့ အခြေစိုက် ခမရ ၄၁၀ တပ်ရင်း မှ တပ်ကြပ်ကြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့ပြင် မေလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ခမရ ၄၁၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀ ဦးခန့်သည် ဇင်းဘာရွာရှိ အိုင်ဝိုင်း၌ စက်ဖြင့် ရေလာစုပ်နေ‌စဉ် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုသည် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့ပြီး ခမရ ၄၁၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA၊ ကော်သူးလေ အာမီ (KTLA) ၊ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.B.L) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article