26 C
Yangon

မြန်မာ့အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၅၀ ကျော်အထိ စံချိန်ထပ်မံချိုးမြင့်တက်

Must read

မြန်မာ့အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၅၀ ကျော်အထိ စံချိန်ထပ်မံချိုးမြင့်တက်

ရန်ကုန်၊ မေ ၁၆

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာ့အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၅၀ ကျော်အထိ စံချိန်တင်မြင့်တက်သွားကြောင်း ပြည်တွင်းရွှေကုန်သည်များက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်း ၉ သောင်းဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်အချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၅၀ နှင့် ၂ သောင်းကျပ်အထိ မြင့်တက်လာ ကြောင်း၊ အဓိက အားဖြင့် ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်း၊ မြန်မာငွေနှင့်ဒေါ်လာ လဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုးတက်လာခြင်းတို့ကြောင့် မြန်မာ့ရွှေစျေး စံချိန်တင် မြင့်တက်နေခြင်းဖြစ်ကြောင်း ရန်ကုန်ရွှေကုန်သည်က ဆိုသည်။

“မနက်ပိုင်းဖွင့်တာ မီးလင်းရွှေက ၄၉ သိန်း ၉ သောင်းနဲ့ဖွင့်တယ်။ နေ့လယ်မှာ သိန်းငါးဆယ် နှစ်သောင်းဖြစ်သွားတယ်။ ဒေါ်လာစျေးကလည်း တစ်ဒေါ်လာကို ၄၀၅၀ အထက်မှာပဲရှိတယ်။ စျေးက ထပ်တက်ဦးမယ်။ အဝယ်လည်းရှိတယ်။ အရောင်းလည်းရှိတယ်။ ပြင်ပစျေးကွက်နော်” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၂၃၉၃ ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။

ရွှေစျေးစံချိန်တင်ထိုးတက်နေချိန်တွင် စစ်ကောင်စီက ရွှေကုန်သည်များနှင့် ရွှေဆိုင်များကို ပြဿနာရှာ ဖမ်းဆီး မည်စိုးရိမ်သဖြင့် ရွှေကုန်သည်တချို့ နှင့်ရွှေဆိုင်တချို့ အရောင်းအဝယ်မလုပ်ဘဲ စျေးကွက် ယာယီရပ်ဆိုင်းထားမှုများလည်းရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article