25 C
Yangon

အမေရိကန် လွှတ်တော် Cannon House Office Building တွင် ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံ၏ အကြိမ် ၃၀ မြောက် လူ့အခွင့်အရေးအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး တက်ရောက်

Must read

အမေရိကန် လွှတ်တော် Cannon House Office Building တွင် ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံ၏ အကြိမ် ၃၀ မြောက် လူ့အခွင့်အရေးအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး တက်ရောက်

ရန်ကုန်၊ မေ ၁၈

အမေရိကန်ပြည်ထောင်စုရှိ လွှတ်တော် Cannon House Office Building တွင် ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံ၏ အကြိမ် ၃၀ မြောက် လူ့အခွင့်အရေးအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို မေလ ၁၄ ရက်နေ့တွင် အမေရိကန်ရောက် ဗီယက်နမ်နွယ်ဖွားများ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး အမေရိကန် အစိုးရ Department of State မှ Under Secretary Ms. Uzra Zeya နဲ့အတူ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကလည်း မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို တက်ရောက်လာသူများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article