25 C
Yangon

ပူတာအိုမြို့နယ်၊ ဆွမ်ဘီယာန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ပူတာအိုမြို့နယ်၊ ဆွမ်ဘီယာန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ဘီယာန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆွမ်ဘီယာန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းရှိ ပြည်သူများ၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်နေကြောင်း သိရသည်။

“ဆွမ်ဘီယာန်ကျေးရွာကို အကြမ်းဖက် စစ်‌ခွေးတပ်က သေနတ် ဖောက်ပြီး ဝင်ရောက် စီးနင်းတော့ ပြည်သူတွေ ထိန့်လန့် ကြောက်ကြပြီး တောတောင်တွေထဲ ရှောင်နေကြရပြီး စစ်ခွေးတွေက ပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်စားပြီး အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article