25 C
Yangon

တနင်္သာရီမြို့နယ်၊ ခမရ – ၅၆၁ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်၊ ခမရ – ၅၆၁ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ခမရ – ၅၆၁ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ-၅၆၁ တပ်ရင်းမှ ခြေလျင်ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လယ်တောင်ယာရွာ မကျည်းကုန်းအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြည်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်-ပကဖ၊ဇုန် (၄) တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများအရ ဒေသ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန် တနင်္သာရီမြို့နယ် ပကဖ က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article