25 C
Yangon

မြန်မာနိုင်ငံတွင် ၇ နှစ်ကျော်ကြာ အမေရိကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြှုပ်နှံခဲ့သော ကိုရီးယား CJ Feed Myanmar က တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ ရပ်နားပြီဟုဆို

Must read

မြန်မာနိုင်ငံတွင် ၇ နှစ်ကျော်ကြာ အမေရိကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြှုပ်နှံခဲ့သော ကိုရီးယား CJ Feed Myanmar က တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ ရပ်နားပြီဟုဆို

ရန်ကုန်၊ မေ ၂၀

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှစတင်၍ ၇ နှစ်ကျော်ကြာ အမေရိကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြှုပ်နှံခဲ့သော ကိုရီးယား CJ Feed Myanmar က တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ ရပ်နားပြီဖြစ်ကြောင်း မေလ ၁၇ ရက်နေ့ တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။

လတ်တလောဖြစ်ပွားနေသည့် စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုအကျပ်အတည်းသည် ကုမ္ပဏီအပေါ်လည်း သက်ရောက်မှုရှိလာခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် အရောင်းအဝယ်လုပ်ငန်းများ ခက်ခဲလာခြင်း၊ ကုန်ကြမ်းကုန်ကျစရိတ်များတိုးမြင့်လာခြင်း၊ ကုန်ကြမ်းရရှိမှုခက်ခဲခြင်းတို့ကို ရင်ဆိုင်ရသည့်အပြင် လုပ်ငန်းလည်ပတ်ရန်အတွက် ထုတ်လုပ်မှုလုပ်သားအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေခြင်း အစရှိသည့် မလွန်ဆန်နိုင်သောဖြစ်ရပ်များ ဖြစ်ပေါ်နေခြင်းတို့ကြောင့် မေ ၂၈ ရက်မှစတင်ပြီး တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်များ ထုတ်လုပ်ရောင်းချနေမှုကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကိုရီးယား CJ Feed Myanmar က ကြေညာသည်။

ယင်းသို့ရပ်နားမည်ဖြစ်သဖြင့် အရောင်းကိုယ်စားလှယ်များ၊ ဖောက်သည်များအနေဖြင့် ကုန်ဖိုးအကြွေးကျန်များကို ဇွန် ၂၈ ရက် နောက်ဆုံးထားပြီး ကုမ္ပဏီသို့ မပျက်မကွက် ပြန်လည်ပေးသွင်းကြရန်နှင့် လက်တွဲလုပ်ဆောင်ခဲ့သည့် အရောင်းကိုယ်စားလှယ်များ၊ ဖောက်သည်များကို အထူးကျေးဇူးတင်ရှိသည်ဟု CJ Feed Myanmarက ​ေ​ြာသည်။

ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် CJ Feed Myanmar မှာ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်တွင် စက်ရုံတည်ဆောက်ထားပြီး ကြက်၊ ဝက်၊ ဘဲ၊ ငါးအစားအစာများကို ထုတ်လုပ်ရောင်းချခြင်း၊ ကြက်သားဖောက် လုပ်ငန်းမှ ကြက်သားပေါက်များကို မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းအပါအဝင် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီလည်းဖြစ်သည်။

ရန်ကုန်တိုင်း မှော်ဘီမြို့ရှိ စက်ရုံမှ မြန်မာနိုင်ငံအနှံ့အပြား တိရစ္ဆာန်အစာထုတ်လုပ်ရောင်းချနေသည့် ကိုရီးယားနိုင်ငံမှ CJ Feed Myanmar သည် တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်ထုတ်လုပ်ရောင်းချမှု ရပ်ဆိုင်းသွားခြင်း စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပြိုလဲမှု လက္ခဏာအဖြစ် ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။

နိုင်ငံတကာတွင် အစားအသောက်နှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ဖြန့်ဖြူးသည့် CJ ကုမ္ဗဏီသည် တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် မြန်မာတို့အပါအဝင် နိုင်ငံ ၇ ခုတွင် စက်ရုံ ၂၇ ရုံတည်ဆောက်လည်ပတ်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article